ညီ​လေး​ရေ.. ..စာဖတ်​ကွ
မြန်​မာပြည်​ရဲ့အနာဂတ်​က မင်းတို့လက်​ထဲမှာ
ပြင်​စရာ​တွေ အများကြီး
ဖာစရာ​တွေ တစ်​ပုံကြီး
သမိုင်းစစ်​စစ်​ကြီး လမ်းမှန်​​ပေါ်​ရောက်​ဖို့ လိုပြီ
အဲဒါ မင်းတို့အ​ပေါ်မှာ မူတည်​တယ်​ကွ

ညီ​လေး​ရေ.. ….စာဖတ်​ကွ
မင်းတို့မိသားစု စည်းလုံးညီညွတ်​ဖို့
အချင်းချင်း နားလည်​မှု​ပေးနိုင်​ဖို့
ကိုယ်​ချင်းစာတရား တိုးပွားလာ​စေဖို
့ပြသနာအ​ထွေ​ထွေ​ဖြေရှင်းနိုင်​ဖို့
သာယာတဲ့မိသားစုဘဝ ပိုင်​ဆိုင်​ဖိုဖို့
စာ များ များ ဖတ်

ညီ​လေး​ရေ.. …စာဖတ်​ကွ
I spent most of my time reading.
ဒီစကားကို အကြိမ်​ကြိမ်​ ​ပြောခဲ့သူဟာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်​ Bill Gates ​ပေါ့
ခု ချက်​ချင်း မင်းရဲ့ နှလုံးသားတွင်းမှာ မြှုပ်​နှံ
စာ များ များ ဖတ်​ဖို့ ကြံစမ်းပါကွ

ညီ​လေး​ရေ.. ….စာဖတ်​ကွ
မင်းတို့လူငယ်​​တွေ
အ​ကြောင်းမဲ့အချိန်​ဖြုန်း​နေချိန်​မှာ
ကမ္ဘာ​ပေါ်က တစ်​ခြားလူငယ်​​တွေ စာဖတ်​​နေပြီ
ကြာ​လေ……..ကွာ​လေ
ကြာ​လေ………ကျန်​ခဲ့​လေ
ကြာ​လေ……..ခံရ​လေ ဖြစ်​လိမ့်​မယ်
စာ များ များ ဖတ်​ ကွ

ညီ​လေး​ရေ.. …စာဖတ်​ကွ
ဗိုလ်​ချုပ်​​အောင်​ဆန်း စာဖတ်​ခဲ့တယ်
ဦးသန့်​ စာဖတ်​ခဲ့တယ်
မင်းကွန်းဆရာ​တော်​ စာဖတ်​ခဲ့တယ်
ကမ္ဘာပတ်​ချင်​တဲ့ မင်းရဲ့​လောဘကို
စာဖတ်​ခြင်းနဲ့ပဲ စစမ်းပါကွာ

ညီ​လေး​ရေ.. ….စာဖတ်​ကွ
Tea ဆိုင်​ထိုင်​တာ ​လျှော့
ကျူထိုးတာ နား
ဘီယာဆိုင်​ထိုင်​တာ ရပ်
ဖဲရိုက်​တာ stop
တန်​ဖိုးရှိ တဲ့ အချိန်​တိုင်းမှာ
စာ များ များ ဖတ်​ ပါ

ညီ​လေး​ရေ.. …..စာဖတ်​ကွ
ကြာရင်​ မြန်​မာပြည်​ဖာဖြစ်​​တော့မယ်
မင်းတို့လူငယ်​​တွေ ကြိုးစားမှ ဖြစ်​မယ်
မြန်​မာပြည်​ကိုကယ်​တင်​ဖို့ မင်းတို့ တိုက်​ပွဲဝင်​ရမယ်

စီးပွား​ရေး တိုက်​ပွဲ
ပညာ​ရေး တိုက်​ပွဲ
ဘာသာ​ရေး တိုက်​ပွဲ
နိုင်​ငံ​ရေး တိုက်​ပွဲ
ဒီတိုက်​ပွဲ​တွေက လက်​နက်​မပါဘူး
ဥာဏ်​ကစားရမယ်​ ညီညွတ်​မှုပြိုင်​ရမယ်
တိုက်​ပွဲအားလုံးကို အနိုင်​ယူဖို့
မင်းတို့ ပညာတတ်​ရမယ်
စည်းလုံးညီညွတ်​ရမယ်
ပညာတတ်​ဖို့ စာဖတ်​ပါ
ညီညွတ်​နိုင်​ဖို့ စာဖတ်​ပါ
ကိုယ်​ကျင့်​ဖြူစင်​ဖို့ စာဖတ်​ပါ
ညီ​လေး​ရေ.. ..
စာ
များ
များ
ဖတ်
စမ်း
ပါ..

Credit to Original

Categories: Knowledge

Leave a Reply

Your email address will not be published. Required fields are marked *