လူတစ်ယောက်ရဲ့
အတိတ်ကိုဖမ်းဆုပ်ပြီး
အောက်ဖဲလှန်လိုက်တာဟာ
ကိုယ့်ဘာသာကို
“အောက်တန်းစား” ဖြစ်တယ်လို့
ဖော်ပြလိုက်တာနဲ့ အတူတူပဲ
ဒီလိုပြောရင် တော်တော်များများမှားမယ်မထင်ဘူး။

ယင်ကောင်ဆိုတဲ့အမျိုးက
အညှီအဟောက် ကိုပဲစိတ်ဝင်စားတယ်
လမ်းဘေးခွေးတွေဟာလည်း
မစင် နဲ့ပတ်သတ်လာရင်
အချင်းချင်းကိုက်ကြတာပဲ ။

လူစိတ်ဟာ ဖောက်ပြားတယ်
ကောင်းတဲ့လူဟာအမြဲတမ်းမကောင်းနေဘူး
ဆိုးတဲ့သူဟာလည်း အမြဲတမ်းမဆိုးနေဘူး
လူရယ်ဖြစ်လာရင် ကိုယ့်မကောင်းကြောင်းဖုံးဖို့
သူ့မကောင်းတာတွေကို လိုက်ဖော်တတ်ကြတာလည်း ရှိတယ်…

တစ်ချို့လူတွေဟာ ဆိုးတယ်လို့ခေါင်းစဉ်တပ်ခံရတတ်တယ် ဒါပေမဲ့ အဲ့ဒီခေါင်းစဉ်ထဲမှာ
ပတ်ဝန်းကျင်ရဲ့ ပယောဂ
တော်တော်များများပါတယ် ပုံကြီးချဲ့ ခံရတာပေါ့ …

ကောင်းပါတယ်ဆိုတဲ့လူတွေဟာလည်း
လူမသိအောင်ဖုံးဖိပြီး ဖောက်ပြားတတ်ကြတယ်
အဲ့ဒီအခြေ အနေကပိုဆိုးတယ် …

ဆိုတော့ … တစ်ယောက်ယောက်က
ခင်ဗျားမကောင်းကြောင်းပြောရင်
စိတ်မဆိုးနဲ့ မှန်ရင်ဝန်ခံလိုက်
မှားရင်လည်း ဖာတိဖာသာနေလိုက်
အချိန်တန်ရင် သူ့ဇာတိကိုသူ့ဘာသာသူ
ဖော်လိမ့်မယ် …

တခြားသူတွေ မကောင်းဘူးလို့
လာပြောရင်လည်း ခင်ဗျားပြန်မပြောမိစေနဲ့
ဖာတိဖာသာ လျှော်လိုက် …

အတိတ်ဟာ ဘာမှမသုံးမဝင်ဘူး
သင်ခန်းစာယူဖို့သတ်သတ်ပဲ
အတိတ်ကိုအခြေပြု ပြီး
လူတစ်ယောက်ကိုမကောင်းဘူးပြောချင်ရင်
အဲ့ဒီ လူတွေကိုတစ်ခွန်းထဲ
ပြန်မေးခွန်းထုတ်ကြည့်ပါ …

“ခင်ဗျားတို့ ကော တစ်သက်လုံးကောင်းနိုင်မှာလား ? ” ဆိုတဲ့မေးခွန်းလေးပေါ့ ။

LuAh(AungKhinSitt)

Categories: BlogKnowledge

Leave a Reply

Your email address will not be published. Required fields are marked *